ကဗျာမဟုတ်သောစာသားများ

ဒီအရောင်နဲ့ရေးထားတာကကိုယ်ပိုင်စာသား
ဒီအရောင်နဲ့ရေးထားတာကသူများစာသား
ဒီအရောင်
နဲ့ရေးထားတာကသူငယ်ချင်းဇာနည်ရဲ့စာသား


ငါ့ကိုဘယ်သူတွေ
ဘယ်လိုပဲမုန်းမုန်း
ငါ့ကိုချစ်တဲ့ ငါ့မိဘနှစ်ပါးရယ်
ငါသိပ်ချစ်ရတဲ့ ငါ့ချစ်သူက
ငါ့ကိုမမုန်းဖို့အရေးကြီးတယ်။


အချစ်ဆိုတာရယူခြင်း
သက်သက်တော့မဟုတ်ဘူး။
ပေးဆပ်ခြင်းနှင့်
နားလည်မှုရှိရမယ်။

အချစ်တွေအများကြီးရလိုက်
ရုံနဲ့ဘ၀ဟာပြီးပြည့်စုံ
သွားမှာမဟုတ်ဘူး။
အချစ်တွေအများကြီးပေးဆပ်
လိုက်ရလို့ဘ၀ဟာ
ပိုတန်ဖိုးရှိသွားတာ။

ပေးဆပ်မှုနဲ့ရယူမှုက
ဘယ်တော့မှ
တစ်ထပ်တည်းမကျဘူး။
တစ်ခါတလေမှာအချစ်ဆိုတာ
တရားမမျှတတဲ့ကစားနည်းပါ။


ချစ်သူနှစ်ယောက်
ချစ်လျက်နဲ့ဆုံဆည်းခွင့်
မရတဲ့အခါဘယ်သူ့ကို
အပြစ်တင်ရမှာလဲ
လောကကြီးကိုလား၊
ကိုယ်ဘာသာကိုယ်လား? 

ဒါ့ကြောင့်ဘ၀မှာ……
ဖြစ်ချင်တာတွေဖြစ်
မလာတဲ့အခါဖြစ်သလိုပဲ
နေလိုက်ရတယ်။

 



ရင်ထဲမှာ အရမ်းပြောချင်နေတဲ့စကားတစ်ခွန်းရှိတယ်
ဒါပေမယ့် အဲဒီစကားဟာ အသံထွက်ဖို့
နှလုံးသားကနေ ပါးစပ်ဆီအလာ ခရီးလမ်းမှာ
ဦးနှောက်ရဲ့ ထိန်းချုပ်တားဆီးမှု့ကို
အကြိမ်ကြိမ်ခံနေရတော့ သူ့ခမျာထွက်မလာနိုင်ပေဘူး။



မိန်းကလေးတော်တော်များများဟာ...
ယောကျာင်္းလေးတစ်ယောက်ကိုရွေးချယ်တော့မယ်ဆို
ပထမပိုင်းမှာနှလုံးသားနဲ့ဆုံးဖြတ်တယ်။
ဒုတိယကြတော့ဦးနှောက်နဲ့စဉ်းစားတယ်။
နောက်ဆုံးတော့သူတို့ဘ၀အတွက်သူတို့စဉ်းစားတယ်။
ဒါဟာသဘာဝလား???

ယောကျာင်္းလေးတော်တော်များများကတော့
မိန်းကလေး
တစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်
နှလုံးသားနဲ့ရင်းပြီချစ်ခွင့်တောင်းပါတယ်။
ပြီးတော့အလုပ်နဲ့သက်သေပြပါတယ်။
နှစ်ဖက်မိဘပြေလည်ဖို့အတွက်ကြိုးစားရပါတယ်။
ဒါကတော့သဘာဝပါ။

(ကျွန်တော့် ရဲ့ထင်မြင်ယူဆချက်လေးတွေရေးထားတာပါ။)



လက်ဖက်ရည်ဆိုင်က ‘အတွေး’ တစ်ခု

လူတွေအထင်ကြီးအောင်နေရမှာထက်

သူတို့ပါးစပ်ထဲက ခပ်ချဉ်ချဉ်

စပျစ်သီးတစ်လုံးကို ထွေးထုတ်လိုက်သလို

လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်

 

ချိုစိမ့်မှာကာမှ…

နို့ဆီနည်းနေတဲ့ လက်ဖက်ရည်တစ်ခွက်နဲ့

မုန့်ကြော်လို့ညှော်တဲ့ အနံ နဲ့ ထိုင်နေရတဲ့ကြားက

ဖြူဖြူကျော်သိန်းရယ်ဖြေးဖြေးအော်ပါ။

 

ဘာကြောင့်လဲတော့မသိဘူး

နတ်မင်းတစ်ပါးလူယောင်ဆောင်ပြီး

ဆေးဆိုင်မှာအိပ်ဆေးဝယ်ပြီး ပြန်သွားတာ

မနေ့ကတွေ့ခဲ့တယ်။

 

စကားလုံးကဖြစ်တဲ့သိက္ခာရယ်

ဦးနှောက်ကလာတဲ့ ချစ်ခြင်းတရားရယ်

ပိုက်ဆံကလာတဲ့အမှန်တရားရယ်

{လိမ်ညာမှု စကားကြွယ်ဝမှုက ဖြစ်လာတဲ့တန်းမြှင့်အဆင့်တွေရယ်}

မုသာဝါဒတွေနဲ့ ချိုမြိန်စွာရှင်သန်နေသော အထက်တန်းလူတန်းစားတွေများလာတော့
 

အမှန်တရား နဲ့ သာယာချမ်းမြေ့မူ့ကို မြင်ချင်တဲ့နတ်မင်းကြီး

သူမြင်ချင်တာတွေမမြင်ရလို့

အိပ်ဆေးသောက်ပြီး အိပ်နေတာပဲကောင်းတယ်ဆိုနေပြီး အိပ်နေလေရဲ့

အင်း…ကျွန်တော်လဲအိပ်ဆေးလိုနေပြီထင်တယ်???

ညမီးအိမ်ကိုစကားပါးချင်ရင်
 
IPB Image




visitor stats
 
Today, there have been 4 visitors (5 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free